ငြိမ်းချမ်းရေးအတွက် အမှန်တရားကိုဖွင့်ဟခြင်း
ယခုစာစောင်တွင် မြန်မာပြည်ရှိ အမျိုးသမီး ၃၁ ဦးတို့၏အကြောင်းကို စုစည်းဖော်ပြ ထားပြီး၊ ၎င်းတို့မှာ ရန်ကုန်မှ နိုင်ငံရေးအကျဉ်းသူဟောင်းများ၊ စစ်ပွဲများဖြစ်နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ တအာင်းအမျိုးသမီးများနှင့် ကရင်ပြည်နယ်ရှိ အမျိုးသမီး ရွာသူကြီးများနှင့် လက်ပတောင်းတောင်ဒေသမှ တကြွ်ကလှုပ်ရှားသူများ ဖြစ်ကြသည်။ ယခုစာစောင်တွင် AJAR မှ သုတေသနပြု တွေ့ရှိချက်များ၊ AJAR ၏ ပူးပေါင်းပါဝင်ဆောင်ရွက်သည့်နည်းဖြင့် ပုံဖော်ထားမှုနှင့် မြန်မာနိုင်ငံရှိ ရှင်သန်လွတ်
မြောက်သူ အမျိုးသမီးများအတွက် အမှန်တရား၊ တရားမျှတမှု၊ ငြိမ်းချမ်းမှုနှင့် ပြန်လည်ကုစားပေးရေးအတွက် အကြံပြုချက်များဖြစ်သည်။
ယခုစာစောင်ဖြစ်မြောက်ရေးအတွက် Foundation for a Just Society, Oak Foundation နှင့် Open Society Foundation တို့အား AJAR အနေဖြင့်
ကျေးဇူးအထူးတင်ရှိပါသည်။
ယခုစာစောင်ဖြင့် ကရင်ပြည်နယ်ရှိ သူမ၏ရပ်ရွာတွင် ရွာသူကြီးအဖြစ် သတ္တိရှိရှိ ၁၉၉၇ မှ ၂၀ဝ၄ ခုနှစ်အထိ ထမ်းဆောင်ခဲ့သည့် သူလေဖောအား ရည်စူးဂုဏ်ပြုပါသည်။ သူမအနေဖြင့် ကောင်းရာ သုဂတိတွင် ငြိမ်းချမ်းစွာ ရှိနေပါလိမ့်မည်။ ယခုသုတေသနပြုမှုတွင် အစိတ်အပိုင်း တရပ်အနေဖြင့် ပါဝင်ခဲ့သည့် အမျိုးသမီးများအားလုံးအတွက်လည်း ရည်စူးဂုဏ်ပြုပါသည်။
Owner/Developer : AJAR
Language : မြန်မာ