သေစေလောက်သည့် လက်တုန့်ပြန်မှု။ စစ်အုပ်စုက မြန်မာနိုင်ငံမြောက်ပိုင်း ပဋိပက္ခအတွင်း ဆုံးရှုံးမှုအတွက်အရပ်သားများအပေါ် လက်တုန့်ပြန်မှုကို တိုးမြှင့်လုပ်ဆောင်နေသည်။
ဤအခြေအနေတင်ပြချက် စာတမ်းသည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်တို့တွင် ၂၀၂၁ ခုနှစ် ဧပြီလမှ မေလအတွင်း မြို့ပြနှင့် ကျေးလက်ဒေသများတွင် စစ်အုပ်စု လုံခြုံရေးတပ်ဖွဲ့များ၏ လူ့အခွင့်အရေး နောက်ဆုံး အခြေအနေများကို ဖော်ပြထားသည်။
သေစေလောက်သည့် ဖြိုခွဲမှုများကြောင့် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြသူများမှာ လူအနည်းငယ်နှင့် အချိန်တို ပျောက်ကြား ဆန္ဒပြမှုများသာ ရှိသော်လည်း လုံခြုံရေး တပ်ဖွဲ့များက လက်နက်မဲ့ ဆန္ဒပြသူများအပေါ် ကျည်အစစ်များ အသုံးပြုသဖြင့် ဗန်းမော်နှင့် ဖားကန့်တို့တွင် လူနှစ်ဦး သေဆုံးခဲ့သည်။ ၎င်းတို့က မြို့ပြဒေသများတွင် တက်ကြွလှုပ်ရှားသူများအား ဆက်လက် ရှာဖွေလျက်ရှိပြီး နှစ်လအတွင်းတွင် NLD အဖွဲ့ဝင်များ၊ ဆရာဝန်များ၊သတင်းသမားများ နှင့် လူငယ် ခေါင်းဆောင်များ အပါအဝင် လူ ခြောက်ဆယ့် တစ်ဦးကို ဖမ်းဆီးခဲ့သည်။