“ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အဓိကလုပ်ငန်းယန္တရားများ ၂၀၀၂”

ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်က ကုလသမဂ္ဂရဲ့လုပ်ငန်းဆောင်တာတွေကို လက်တွေ့လုပ်တောင်တဲ့ အဖွဲ့တစ်ခုအဖြစ် ရပ်တည်ခဲ့ပါတယ်။ လူ့အခွင့်အရေးကော်မရှင်ကို ၁၉၄၆ ခုနှ် ဒီဇင်ဘာလ ၁၀ ရက်မှာ စတင်ဖွဲ့စည်းခဲ့ပြီး လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးမြှင့်တင်ရေးတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂရဲ့ အဓိကလုပ်ငန်းယန္တရားတစ်ခုနဲ့ နိုင်ငံတကာအတွက် ဆွေးနွေးညှိနှိုင်းတဲ့နေရာတခု ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ကော်မရှင်ရဲ့ ထိရောက်စွာ စွမ်းဆောင်နိုင်မှုက နှစ်တွေကြာလာတာနဲ့အမျှ လူ့အခွင့်အရေးချိုးဖောက်တဲ့ အသင်းဝင်နိုင်ငံတွေက သူတို့ကို သူတို့နဲ့ သူတို့ရဲ့ မဟာမိတ်နိုင်ငံတွေကို စုံစမ်းစစ်ဆေးအရေးယူခြင်းမှ ကာကွယ်ဖို့အတွက် အသင်းဝင်ဖြစ်နေမှုကို ဒိုင်းလို အလွဲသုံးစား အသုံးပြုလာကြတဲ့အခါ အကန့်အသတ်တွေ ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် အသင်းဝင်နိုင်ငံတွေ ကြားတည်ရှိတဲ့ နိုင်ငံရေးအခြေခံဘဘောတူညီမှုအရ အရေးပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မဖြစ်ခင် ကြိုတင်ဟန့်တားခြင်းမပြုနိုင်ဘဲ ဖြစ်ပြီမှသာ တုံ့ပြန်အရေးယူဆောင်ရွက်နိုင်စွမ်းပဲ ရှိခဲ့ပါတယ်။ အဲဒီအားနည်းချက်တွေကို ကျော်လွှားဖြေရှင်းနိုင်ဖို့ လူ့အခွင့်အရေးကော်မရှင်ကို လူ့အခွင့်အရေးကောင်စီနဲ့ အစားထိုးခဲ့ပါတယ်။ လူ့အခွင့်ရေးကော်မရှင်နဲ့ မတူတာ လူ့အခွင့်အရေးကောင်စီက လူ့အခွင့်အရေးကိစ္စတွေကို အရေးကြီးတဲ့ ရည်မှန်းချက်တွေနဲ့ လုပ်ငန််းဆောင်တာတွေအဖြစ် အသိအမှတ်ပြုဆောင်ရွက်ခဲ့ပြီး အဲဒါရဲ့ အကျိုးဆက်အဖြစ် ကုလသမဂ္ဂ စနစ်အတါင်းမှာ ပိုမိုမြင့်မားတဲ့ ရပ်တည်မှုတစ်ခု ရရှိခဲ့ပါတယ်။ ၂၀၀၆ ခုနှစ် မတ်လ ၁၅ ရက်နေ့မှာ ကမ္ဘာအနှံ့ဖြစ်ပွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်ဖို့ ပိုမိုထိထိရောက်ရောက်ဆောင်ရွက်နိုင်မယ့် လူ့အခွင့်အရေးကောင်စီကို ထူထောင်ရေးကို ကုလသမဂ္ဂအထွေထွေညီလာခံက တခဲနက်မဲပေးခဲ့ကြပါတယ်။