မြန်မာနိုင်ငံရှိ အမျိုးသမီးနိုင်ငံရေးအကျဥ်းသားများ ပူးတွဲအစီရင်ခံစာ

ဤ “မြန်မာနိုင်ငံရှိ အမျိုးသမီးနိုင်ငံရေးအကျဥ်းသားများ” အစီရင်ခံစာကို နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) (AAPP) နှင့် မြန်မာ့ အမျိုးသမီးသမဂ္ဂ (BWU) တို့ ပူးတွဲ ထုတ်ဝေခြင်း ဖြစ်ပါသည်။

            မြန်မာနိုင်ငံ၏ နိုင်ငံရေးသမိုင်းကြောင်းကို ပြန်ကြည့်ပါက ကိုလိုနီခေတ်၊ လွတ်လပ်ရေးပြီးခေတ်၊ မဆလခေတ်နှင့် ယခုနောက်ဆုံး နဝတ၊ နအဖ ခေတ်များအထိ အမျိုးသမီးများ မပါဝင်ခဲ့သော နိုင်ငံရေးလှုပ်ရှားမှုဟူ၍ မရှိခဲ့ပေ။ နိုင်ငံရေးဟူည်မှာ အမျိုးသားများ၏ အလုပ်ဖြစ်သည်ဟု ခံယူကျင့်သုံးလျက်ရှိသော မိမိတို့ လူ့အဖွဲ့အစည်း၏ သမားရိုးကျ အမြင်သဘောထားများ၊ ယုံကြည်မှုများ၊ အစွဲအလမ်းများကြားထဲမှပင် ယောက်ျားသားများနှင့် ရင်ဘောင်တန်းကာ နိုင်ငံရေးခရီးကြမ်းထဲသို့ ရဲရဲဝံ့ဝံ့ စွန့်စွန့်စားစား ပါဝင်လာခဲ့ကြသော အမျိုးသမီးများစွာ ရှိခဲ့ကြောင်း သမိုင်းတွင် အထင်အရှာတွေ့နိုင်ပေသည်။

            လူ့အဖွဲ့အစည်းတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းသာယာရေးတို့အတွက် မဖြစ်မနေလိုအပ်လျက်ရှိသော အမျိုးသမီးများ၏ ပူးပေါင်းပါဝင်မှုအတွက် အမျိုးသမီးများကသာ ကြိုးပမ်းကြရမည်မဟုတ်ဘဲ လူ့အဖွဲ့အစည်းရှိ လူသားအားလုံးတွင် တာဝန်ရှိသည်ဟူသော အသိတရားရှိရေးသည် အရေးကြီးပေသည်။ အထူးသဖြင့်…….