ရှစ်စက္ကန့်ငြိမ်
တိုင်းပြည်တစ်ပြည်၌ နိုင်ငံရေးအကျဥ်းသားရှိနေသည် ဆိုသည့် အခြေအနေထက် မည့်သည့်အခြေအနေကမျှ ထိုတိုင်းပြည်၏ လူ့အခွင့်အရေးနှင့် ပါတ်သက်သော အခြေအနေကိုပို၍ ဖော်ပြနိုင်စွမ်း ရှိလိမ့်မည်မဟုတ်ပေ။ ဤအခြေအနေတွင် လွတ်လပ်စွာ ဖော်ပြပြောဆိုခွင့်၊ စုဝေးခွင့်စသော လူသားတို့၏ မရှိမဖြစ်လိုအပ်သည့်၊ လွတ်လပ်မှု အခြေခံအခွင့်အရေးများကို ငြင်းပယ်ခံနေရခြင်းကို ထင်ဟပ်ဖော်ပြနေပါသည်။ ထို့အပြင် လူသားများကို မည်ကဲ့သို့ သဘောထား ဆက်ဆံကြောင်း ဖော်ပြသော ဤအပြုအမူများသည် အစိုးရက ၄င်း၏ ပြည်သူပြည်သားများကို မည်သို့မည်ပုံ ချုပ်ကိုင်ထားကြောင်း ဖော်ပြနေပါသည်။ နိုင်ငံရေးဆိုင်ရာ လူ့အခွင့်အရေးအတွက် လှုပ်ရှားမှုကြောင့်၊ အနည်းဆုံး မြန်မာနိုင်ငံသား (၁၁၅၆) ဦးမှာ အကျဥ်းကျခံနေရပြီး၊ မျှတသော တရားစီရင်ရေး လုပ်ထုံးလုပ်နည်းများကိုလည်း ခံစားခွင့်မရခဲ့ကြပါ။ တရားစီရင်ရေးစနစ်သည်လည်း၊ တသီးပုဂ္ဂလ လူတစ်ဦးချင်းစီ၏ အခြေခံတရားမျှတမှု စံနှုန်းများကို ဆောင်ရွက်ပေးနိုင်ရန် ဝေးစွ၊ အစိုးရနှင့် ဘဘောထားကွဲလွဲသူတို့အား နှုတ်ပိတ်စေရန် နှိပ်ကွပ်သည့်လက်နက်သဖွယ် တရားစီရင်ရေးစနစ်ကို အသုံးချနေပါသည်။