တရားမျှတမှုအရင်းအမြစ်စင်တာ (JRC) မှ အခြေခံနှင့် အဆင့်မြင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု သင်ရိုးညွှန်းတမ်းအား ဒေသခံ နှင့် နိုင်ငံတကာပညာရှင်များနှင့်ပူးပေါင်း၍ ရေးဆွဲခဲ့ပါသည်။ မြန်မာပြည်တွင်းရှိပြည်သူများအား ဒေသဆိုင်ရာ အကြောင်းအရာ၊ အခြေအနေ နှင့် ကိုက်ညီမှုရှိသည့် တရားမျှတမှုရှာဖွေသည့်သတင်းအချက်အလက်များ ပေးရန်ရည်ရွယ်ပါသည်။ ဤသင်ရိုးညွှန်းတမ်းတွင် နိုင်ငံတကာ လူ့အခွင့်အရေး၊ လူသားချင်းစာနာထောက်ထားမှုဥပဒေ၊ ရာဇဝတ်မှုဥပဒေ၊ တရားမျှတမှု နှင့် တာဝန်ခံယူသည့် ယန္တယား၊ လူ့အခွင့်အရေးချိုးဖောက်မှုသတင်းမှတ်တမ်းတင်ခြင်းအပါအဝင် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုနှင့်ဆိုင်သည့် ခေါင်းစဉ်များ ကိစ္စရပ်များစုံလင်စွာပါဝင်ပါသည်။ JRC အခြေခံနှင့် အဆင့်မြင့်သင် တန်းကို အနည်းဆုံး ၆ ရက်တာပြုလုပ်ပြီး ယခုဖြစ်ပေါ်နေသည့် အခြေအနေများကြောင့် အွန်လိုင်းဖြင့်သာပြုလုပ်ပါသည်။ သင်တန်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ပိုမိုသိရှိလိုပါက ဤ jresourcemm@gmail.com အီးမေးလ်မှ တစ်ဆင့်ဆက်သွယ်စုံစမ်း နိုင်ပါသည်။