ကနီဒေသ တဝိုက် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှုများ
မြန်မာနိုင်ငံတွင် နှစ်ပေါင်း (၇၀) ကျော်ဖြစ်ပွားနေသော ပြည်တွင်းစစ်အတွင်း တိုင်းရင်းသားပြည်သူအများစုမှာ စစ်အုပ်စု၏ နယ်မြေရှင်းလင်းရေးမူဝါဒအောက်တွင် မတရားညှဉ်းပန်းနှိပ်စက်ခံရခြင်း၊ တရားမဲ့သတ်ဖြတ်ခံရခြင်း၊ အဓမ္မပြုကျင့်ခံရခြင်း၊ မြို့ရွာများကို မီးရှို့ခြင်း၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရခြင်း၊ အတွင်းအကြပ်နေရာရွေ့ပြောင်းခံရခြင်း စသည်များကိုခံစားနေကြရသည်။ ထိုအခြေအနေများကို လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ အစဉ်တစ်စိုက်ထောက်ပြခဲ့ပြီး စစ်အုပ်စုအားအရေးယူနိုင်ရန် တိုက်တွန်းချက်များ အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြသည်။