မြန်မာနိုင်ငံတွင် တရားမျှတမှုရရှိရန် အဟန့်အတားများစွာ ရှိနေခဲ့ပါသည်။ တရားမျှတ မှုရှာဖွေရာတွင် မတူညီတဲ့နည်းလမ်းမျိုးစုံရှိပါသည်။ လူ့အခွင့်အရေးချိုးဖောက်တဲ့သူတွေ ကို အပြစ်ပေးအရေးယူဖို့ အရေးကြီးသလို အသက်ရှင်ကျန်ရစ်သူများကို ပြန်လည်ကုစား ပေးဖို့ကလည်း တရားမျှတမှုရှာဖွေတဲ့ နေရာမှာအရေးကြီးပါသည်။ ဤတရားမျှတမှု ဆိုင်ရာအရင်းအမြစ်စင်တာသည် စိတ်ပါဝင်စားသူများ နှင့် တရားမျှတမှုလုပ်ငန်း ဆောင်ရွက်နေတဲ့သူတွေအတွက် နိုင်ငံတကာ နဲ့ ဒေသခံ ကျွမ်းကျင်ပညာရှင်တွေ ရေးသားပြုစုထားတဲ့ တရားမျှတမှုရှာဖွေရေးအချက်အလက်များကို အွန်လိုင်းပလက် ဖောင်းတွင် စုစည်းထား ခြင်းဖြစ်သည်။ ဤတရားမျှတမှုဆိုင်ရာအရင်းအမြစ်စင်တာတွင် အသွင်ကူးပြောင်းရေး ကာလ တရားမျှတမှု ဆိုင်ရာ လေ့ကျင့်ရေးလက်စွဲများ၊ မူဝါဒစာတမ်းများ၊ စာအုပ်များနှင့် သုတေသန၊ မာလ်တီမီ ဒီယာနှင့် သတင်းများ လေ့လာကြည့်ရှုနိုင်ပါသည်။ ဤဝဘ်ဆိုဒ်ကို မည်သည့် လူတစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းမှ ပိုင်ဆိုင်ခြင်းမရှိပဲ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှမှုဆောင်ရွက်သူ များ၏ ပူးပေါင်း ဆောင်ရွက်မှုမှတစ်ဆင့် ထွက်ပေါ်လာသည့်ရလဒ်ဖြစ်ပါသည်။