ဣတ္ထိယသွေး နွေဉီးတေး
၂၀၂၁ နွေ ဦး တော် လှန်ရေးမှာ မြန်မာ နိုင်ငံအဝှမ်း အလွှာပေါ င်းစုံက အမျိုးသမီးထုရဲ့ တော် လှန်စိတ်ဓာ တ်နဲ့ ရဲရင့်ပြော င်မြောက်စွာ ဦးဆောင်မှုတွေဟာ အာဏာလု စစ်အုပ်စုကို သွေးပျ က်မတတ် ထိတ်လန့် တုန်လှုပ်စေ ခဲ့တာ ပါ ။
မြန်မာ့သမိုင်း မှာ ပထမဦး ဆုံး အဖြ စ် ထမီအလံလွှင့်ထူပြီး ငါ တို့ထမီ၊ ငါ တို့အလံ၊ ငါ တို့အော င်ပွဲ ဆိုတဲ့ ဣတ္ထိယ နွေဦးတေးဟာ နိုင်ငံနယ်နမိတ် အပြ င်ဘက်ထိ တုန်ဟီး စေ ခဲ့တယ်။ ပြည်တွင်းသာမက ကမ္ဘာ့ တဝှမ်း က ပြ ည်သူအပေါ င်း မြ န်မာ့ အမျိုးသမီးထုရဲ့ တော် လှန်စိတ်ဓာ တ်ကို လေး စား တန်ဖိုး ထား အသိအမှတ်ပြု ခဲ့ကြ ရပါ တယ်။
အကြ မ်း ဖက် စစ်အုပ်စုဟာ စစ်အာဏာရှင်တို့ရဲ့ ထုံးစံအတိုင်းဆန့်ကျ င်သူတိုင်းကို လက်နက်အားကိုးပြီး ရက်စက်ကြမ်းကြုတ်စွာဖြို ခွဲခဲ့တယ်။ အကြောက်တရားနဲ့ အုပ်ချုပ်နိုင်အောင်ကြိုးစားခဲ့တယ်။ သို့သော်လည်း ပြည်သူလူထုတရပ်လုံးက နောက်မဆုတ်စတမ်း တိုက်ပွဲဝင်လာတာဟာ ဖေ ဖေါ်ဝါရီလ ၁ ရက်နေ့ဆိုရင် တစ်နှစ်တင်းတင်း ပြည့်ခဲ့ပေမယ့် တော်လှန်စိတ်ဓာတ်ဟာ ပြင်းသထက် ပြ င်းထန်ပြီး ခိုင်မာသထက်ခိုင်မာလာ တာကိုတွေ့ မြ င်နေတာပါ ။
ဒီအထဲမှာ အမျိုးသမီးတွေ ဟာလည်း ရှေ့တန်းက အားကောင်းစွာပါဝင်တော် လှန်နေဆဲပါ ပဲ။ တနှစ်ပြည့်တဲ့အချိန်မှာ အကြမ်းဖက်စစ်အုပ်စုဟာ ထောင်ချီတဲ့ အမျိုးသမီးများကို ထောင်သွင်းအကျဉ်းချထားခဲ့တယ်။ ရာ ချီ တဲ့ အမျိုးသမီးများဟာ အကြ မ်းဖက်စစ်အုပ်စုရဲ့ ညှဉ်းပန်းနှိပ်စက်ပစ်ခတ်သတ်ဖြတ်ခြ င်း ခံခဲ့ရတယ်။ ယန္တရားမျိုးစုံကိုအသုံးပြုပြီး ညှဉ်းပန်းနှိပ်စက်မှုတွေပြု လုပ်နေ ဆဲဖြ စ်တယ်။
သို့သော် လည်း အမျိုး သမီး ထုဟာ စစ်အာဏာ ရှင်စနစ် အကြွ င်းမဲ့ကျဆုံးရေး ၊ ပြည်သူ့လွတ်မြောက်ရေးနဲ့ ဒီမိုကရ စီအခွင့်အရေးအပြည့်အဝရရှိရေးအတွက် ဘဝတွ ၊ အသက်တွေကိုပေးဆပ်ရင်း ရှေ့တန်းက ရဲ့ရင့်စွာတိုက်ပွဲဝင်နေ တုန်းပါ ။
ဒီအစီရင်ခံစာ ဟာ မြ န်မာ နိုင်ငံအဝှမ်း တိုင်းရင်းသားလူမျိုးပေါ င်းစုံ ပါဝင်တဲ့ အမျိုးသမီးထုရဲ့ စွန့်လွှတ်အနစ်နာခံမှု၊ ပေးဆပ်မှုနဲ့တော် လှန်စိတ်ဓာတ်ကိုဂုဏ်ပြု မှတ်တမ်းတင်ရင်း နွေဦးတော်လှန်ရေးအတွင်းအကြ မ်း ဖက်စစ်အုပ်စုလက်ချ က်နဲ့ ကျဆုံးခဲ့ရတဲ့အမျိုး သမီး သူရဲကော င်း များ အား အလေး ပြု မော် ကွန်း တင်လိုက်တဲ့ အစီရင်ခံစာ တစ်စောင်ပဲဖြစ်ပါတယ်။