အကျဉ်းထောင်ဥပဒေ (မူကြမ်း)
ဖော်ပြပါ အကျဉ်းထောင်များဥပဒေ (မူကြမ်း)သည် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းထားသော အကျဉ်းထောင်များဥပဒေ (မူကြမ်း)ကို AAPP နှင့် FPPS တို့က ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်အကြံပြုထားသည့် အကျဉ်းထောင်များ ဥပဒေ (မူကြမ်း) ဖြစ်ပါသည်။
အကျဉ်းထောင်များဥပဒေ(မူကြမ်း)
တရားဥပဒေစိုးမိုးရေး၊ မှုခင်းထပ်မံမကျူးလွန်စေရန်ရည်ရွယ်လျက်အကျဉ်းသားများအား စာရိတ္တမြင့်မားလာစေရန်အတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲပေးရန်၊ လူကောင်းသူကောင်းများဖြစ်လာစေရေးနှင့် ပြစ်ဒဏ်မှလွတ်မြောက်ပြီးသောအခါ လူ့အသိုင်း အဝန်းအတွင်းအဆင်ပြေချောမွေ့စွာပြန်လည်ဝင်ဆန့်နိုင်စေရန်အလို့ငှါ ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကိုပြဌာန်းလိုက်သည်။ အကျဉ်းဦးစီးဌာနကိုတရားရေးနှင့်ပြည်ထဲရေးဝန်ကြီးဌာနတို့မှပူးတွဲစီမံအုပ်ချုပ်ရမည်။