ဒဏ်ရာများကုစားခြင်း မျှော်လင့်ချက်များပျိုးထောင်ခြင်း

ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းမှုသည် မြန်မာနိုင်ငံကို နည်းပေါင်းစုံဖြင့် အဖက်ဖက်မှ ဖျက်ဆီးခဲ့သည်။ စစ်တပ်၏ အကြမ်းဖက်မှုများ၊ ကိုဗစ်ကြောင့် သေဆုံးမှုများနှင့် လုံလောက်သည့် ဆေးဝါး ပစသ̈ည်းများ၊ ကုသမှုများကင်းမဲ့မှု အခြေအနေများ ဆိုးဝါးစွာမြင့်တက်နေသည့်ကြားမှပင် ပြည်သူများသည် ၎င်းတို့၏မျှော်လင့် ချက်များ ဆက်လက်ရှင်သန်နိုင်ရေးအတွက် ရုန်းကန်နေရကြရသည်။ ဖိနှိပ်မှုများ၊ နေရပ်စွန့်ခွာတိမ်းရှောင်ရမှုများ၊ ပဋိပက္ခ များနှင့် အထီးကျန်မှုများကို ခါးစည်းရင်ဆိုင်ကာ ဘေးကင်းလုံခြုံစွာနေထိုင်နိုင်ရေးအတွက် ကြိုးစားနေရခြင်းသည်ပင်လျှင် ပြည်သူများ၏ နေ့စဉ်ဘဝကို အဓိပ္ပာယ်ဖော်သ̀န်းလျှက်ရှိသည်။
ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း မြန်မာပြည်သူများ၏ ဒီမိုကရေစီနှင့် လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြသည့် အနည်းငယ်မျှ သော တိုးတက်မှုများမှာလည်း ကစဉ်ကလျားဖြစ်ခဲ့ရသည်။ ထို့ကြောင့် မြန်မာနိုင်ငံအတွင်းရှိ လူ့အခွင့်အရေးကာကွယ်စောင့် ရှောက်သူများနှင့်လူ့အခွင့်အရေး ချိုးဖောက်ခံရမှုမှ ရှင်သန်လွတ်မြောက်သူများအကြား မိမိကိုယ်ကိုယ် ဂ၁⁄၂ုစိုက်ရန်နှင့် အချင်းချင်းကြား စုပေါင်းဆောင်ရွက်မှုရှိရန် လိုအပ်ကြောင်း မိမိတို့ပိုမိုသတိပြုခဲ့သည်။ မြန်မာနိုင်ငံတဝှမ်းရှိ လူထုတရပ်လုံးမှ အကြမ်းဖက် ဖိနှိပ်မှုများအပေါ် သတေ̊ိရှိရှိ စုပေါင်းခုခံတွန်းလှန်မှုများသည် စစ်အုပ်ချုပ်မှု အဆုံးသတ်ရေးနှင့် ပြည်သူအချင်း ချင်း ကူညီစောင့်ရှောက်မှုရှိရေးအတွက် လူထု၏ ခိုင်မာသောသနန́ိဌာန်နှင့် လူထု၏ စည်း၁⁄၂ုံးရေးစွမ်းအားကို ပြသလျှက်ရှိသည်။

Owner/Developer : AJAR
 
Language : မြန်မာ