အမျိုးသားရေးပြန်လည်သင့်မြတ်ရေးနှင့် နိုင်ငံရေးအကျဥ်းသားများ၏ အခန်းကဏ္ဍ

ဆယ်စုနှစ်ပေါင်းများစွာကြာအောင် မြန်မာပြည်သူတွေအနေနဲ့ သူတိုခံစားခွင့်ရှိတဲ့ လူ့အခွင့်အရေးတွေကို အပြည့်အဝရှိဖို့နဲ့ ဒီမို့ကရေစီရေး + ငြိမ်းချမ်းရေးတို့အတွက် မဆုတ်မနစ်ကြိုးပမ်းခဲ့ရပါတယ်။ အဲဒီပန်းတိုင် ကိုရောက်ရှိဖို့ တိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်းတွေ သာမက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လိုမျိုး နိုင်ငံရေးပါတီတွေကပါ အမျိုးသားပြန်လည် သင့်မြတ်ရေးလုပ်ငန်းစက်ကို ဖော်ဆောင်နိုင်ဖို့အတွက် အစဥ်တစိုက် ကြိုးပ်းခဲ့ကြပါတယ်။ ဒါပေမယ့်လည်း နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီအဖြစ် သိကြတဲ့ လက်ရှိ အုပ်ချုပ်နေတဲ့ စစ်အစိုးရဟာ ဒီလိုအမျိုးသားပြန်လည်သင့်မြတ်ရေးအဝွက် ကြိုးပမ်းမှုတိုင်းကို ဆန့်ကျင်အတိုက်အခံပြုခဲ့ပါသည်။ အနှစ်ချုပ်အားဖြင့် “အမျိုးသားပြန်လည်သင့်မြတ်ရေး” ဆိုတာ မြန်မာပြည် လွတ်လပ်ရေးရစက်ကစပြီး ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တန်းတူညီမျှရေးနဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့် ဖော်ဆောင်နိုင်၇ေးတို့နဲ့ ပါတ်သက်လို့ စဥ်ဆက်မပြတ်ဖြစ်ပေါ်နေတဲ့ ထိပ်တိုက်တွေ့ မတွဗ့ ပြဿနာတွေ ပြေလည်တိုင်ဖို့အတွက် အဖြေကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ (နအဖ)က နိုင်ငံရေးအကျဥ်းသားတွေကို နိုင်ငံရေးအကျဥ်းသားအဖြစ် အသိအမှတ်ပြုဖို့ အစဥ်အမြဲငြင်းပယ်လေ့ရှိပေမယ် မြန်မာပြည်က နိုင်ငံရေးအကျဥ်းသား ၂၁၀၀ကျော်ဟာ ဒီမိုကရေစီ လှုပ်ရှားမှုကို ကိုယ်စားပြုနေပါတယ်။