တရားမျှတမှုဆီသို့ (Towards Justice)
“တရားမျှတမှုဆီသို့” ဟူသော TJ Case Study Reference Book စာအုပ် တစ်အုပ်ကို Asia Justice and Rights (AJAR) အဖွဲ့က ဇန်နဝါရီလ ၂ ရက်နေ့တွင် မိတ်ဆက်ဖြန့်ဝေခဲ့ပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း စစ်အာဏာရှင်များ၏ လူ့အခွင့်ချိုးဖောက်မှု ဖြစ်စဉ်ကြီး (၈)ခုကို အသေးစိတ်ဖော်ပြထားပါသည်။ ဖြစ်ရပ်တစ်ခုချင်းစီတွင် အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းချိန်တွင် ဆောင်ရွက်နိုင်မည့် အသွင်ကူးပြောင်းရေးဆိုင်ရာနည်းနာများအား ဖော်ပြထားပါသည်။
“ကျွန်ုပ်တို့သည် လွတ်လပ်ပြီး တာဝန်ခံမှုရှိသည့် ဒီမိုကရေစီနိုင်ငံသစ်ကို တည်ဆောက်မည်ဆိုပါက အတိတ်ကာလမှ အဖြစ်အပျက်များနှင့်ပတ်သက်၍ အမှန်တရားများအား ရှာဖွေဖော်ထုတ်ခြင်း၊ အပြစ်ကျူးလွန်သူများအား တရားစွဲဆိုခြင်း၊ ကျူးလွန်ခံရသူများအား ပံ့ပိုးခြင်းနှင့် ထိုကဲ့သို့ အဖြစ်ဆိုးများ ထပ်မံမဖြစ်ပွားစေရန်အတွက် အာဏာရှင်များအား အထောက်အပံ့ပေးနေသည့် အင်စတီကျုရှင်း (Institution) များအား ပြုပြင်ပြောင်းလဲမှု ကဲ့သို့သော လုပ်ငန်းစဉ်များအား လုပ်ဆောင်ရမည်ဖြစ်သည်။” ဟူ၍ လည်းကောင်း၊
“အတိတ်ကို ပိုမိုနက်ရှိုင်းစွာ နားလည်သဘောပေါက်ထားခြင်းဖြင့် ကျွန်ုပ်တို့သည် ပိုမိုမျှတသော အနာဂတ်ကို ပုံဖော်နိုင်မည်ဟုလည်း ယုံကြည်ပါသည်” ဟူ၍လည်းကောင်း စာအုပ်ရဲ့ အမှာစာတွင်ဖော်ပြထားပါသည်။
အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုနှင့်ပတ်သက်၍ လေ့လာသူများအတွက် အသုံးဝင်မည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။